Saturday 11 February 2012

လင့်ခ် လှုပ် တုပ်တုပ်


ကိုယ့်ရဲ့ ဘလော့မှာ လင့်ခ်ရှိတဲ့ နေရာတိုင်း မောက်စ် ထောက်ကြည့် ရုံနဲ့ Link ရှိတဲ့ နေရာတိုင်း ခုန်နေတာ စိတ်ပါ ၀င်စားတယ်ဆိုရင်တော့ ...
1) Blog ကို sign in
2) Layout ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ ]]ဆိုသောစာသားလေးကို လိုက်ရှာပါ.Ctr+f key ကိုနှိပ်ပြီး ကွန်ပြူတာအောက်ခြေမှာ ပေါ်လာတဲ့ Find ဆိုတဲ့ နေရာမှာ စာလုံးထည့်ပြီး ရှာနိုင်ပါတယ်။ ရှိတဲ့နေရာကို အစိမ်းရောင်လေးနဲ့ ဖော်ပြပေးပါလိမ့်မယ်။အဲ့ဒီလို ရှာလို့
]]
ဆိုသောစာသားလေးရဲ့ အပေါ်မှာ အောက် ပြထားသောcodeကို ကူးပြီး ထည့်ပေးလိုက်ပါ။


/*LINK JUMP*/ a:hover { position: relative; top: 5px; left: 3px; }


ပြီးရင်တော့ Save Template။

Sunday 5 February 2012

ဥုံ ဖွ အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်စေ


မိမိတို့ဘာရောင်းချင်သလဲ မိမိတို့ ဘာဝယ်ချင်သလဲ။ပိုက်ဆံရှိရင်ပေါ့လေ။မရှိတော့လည်း မရှိသလိုနေ ခဲ့ကျ တာ ပဲ။ ရှေ့လျှောက် လူတစ်ယောက် ကားတစ်စီး၊ဖုန်းတစ်လုံး၊ကိုယ်ပိုင်နေစရာတွေ ရှိလာတော့မယ့် ခေတ်ကာလ ဆိုပြီးတော့ အားလုံးက ချီတက်နေကျတာဆိုတော့ သိပ်မကြာခင်ကျွန်တော်ဝယ်နိုင်မယ် ထင်ရတာပါပဲပေါ့ ။ ဟဲ ဟဲ ဟုတ်ဖူးလား။ဝယ်ဖြစ်တဲ့အခါ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ့် လိပ်စာလေးတစ်ခုကို ညွှန်းချင်ပါတယ်။
လိပ်စာရဲ့ နာမည်က ဥုံဖွ " http://www.omphwa.com" ဖြစ်ပါတယ်။

Monday 18 January 2010

နွားခြေရာခွက်ထဲက ကျွန်တော်

ညီငယ်အရွယ်ကောင်လေးတစ်ယောက် အမြဲပြောတက်တဲ့စကားက နွားခြေရာခွက်လေးထဲမှာပဲ ပျော်နေပါပြီ အစ်ကိုရယ်.........


ကျွန်တော့်နွားခြေရာခွက်က ကျွန်တော့်ပတ်ဝန်းကျင်ဆိုရင် ကျွန်တော့်က အဲ့ဒီ နွားခြေရာခွက်ရဲ့ အ၀န်းအ၀ိုင်းထဲမှာ ပျော်နေပါပြီ။ဟုတ်တယ်။သမုဒ္ဒရာကြီးထဲ လက်ပစ်ကူးချင်ခဲ့တဲ့ အတွေးတွေ စိတ်ကူးတွေနဲ့ မြစ်တွေချောင်းတွေကနေတဆင့် ရောက်အောင်လှော်ခတ်ခဲ့ဖူးတာပါပဲလို့ နွားခြေရာခွက်ကလေးထဲက လူက ပြောရင် ရယ်စရာ ဖြစ်နေမလား....
ဘယ်သူမဆို ပင်လယ်လိုကြီးနိုင်တဲ့ ကျယ်နိုင်တဲ့ အဆင့်အတန်းတွေ အရည်အချင်းတွေ ပိုင်ဆိုင်ခွင့် ရှိပါတယ်။
ရှိအောင်ကြိုးစားနေသူတွေလဲ ရှိပါတယ်။ ဒါကြောင့် အဲ့ဒီညီငယ်အရွယ်ကောင်လေးကို အမြဲပြန်ပြောလေ့ရှိတာကတော့ ခမ်းနားခြင်းကြီးကျယ်ခြင်းတွေက မင်းရဲ့လက်နဲ့ဖန်တီးစေဖို့ စောင့်စားနေတယ် လို့ ပြောလိုက်မိတယ်။
အရင်တုန်းက အဲ့ဒီလိုပြောလိုက်ရင် ပြန်မပြောပဲ ပြုံးနေလေ့ ရှိတယ်။
ဒီတစ်ခေါက်သူ့အပြုံးရဲ့ နောက်မှာ စကားလုံးလေးတွေပါလာတယ်။
ကြီးကျယ်စွာဖန်တီးနိုင်မှုဆိုတာ ဖန်တီးခွင့်လိုသေးတယ် အစ်ကိုရဲ့။ ကျွန်တော်ဖန်တီးဖို့ အခွင့်အရေးကို ကြိုးစားတိုင်း လိုအပ်ချက်တွေက တန်းစီနေတယ်။ဟုတ်ပါတယ်လေ။ကျွန်တော်ကလဲ လိုအပ်ချက်တွေ များနေတဲ့ သူတစ်ယောက်ထက်ပိုတဲ့ စွမ်းဆောင်မှုတွေနဲ့ စိတ်တွေ ထက်သန်နေခဲ့တာကို။
ကျွန်တော်က လောကကြီးကို အကျိုးပြုမယ်ဆိုတဲ့ စိတ်ကြီးနဲ့ ဘာလုပ်လုပ်ကြီးကျယ်ခမ်းနားမှုကို မျှော်မှန်းပြီးဆောင်ရွက်တယ်။
ကျွန်တော် ငယ်ငယ်က လင်ကွန်းလိုဖြစ်ချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်ချင်တယ်။
နောက်ပြီး ဘီလ်ဂိတ်လို ပညာရှင်ဖြစ်ချင်တယ်။
ခု.... ပြီးခဲ့တဲ့ နှစ်ကဆို အိုဘားမားတောင် ဖြစ်ချင်ခဲ့သေးတယ်။

ဒါပေမယ့် ကျွန်တော် အလုပ်ခွင်က လူတွေကအဲ့ဒါတွေကို မသိကျဘူး။ စိတ်လဲမ၀င်စားဘူး။ ကျွန်တော်က သူတို့ ရဲ့စံတွေ စနစ်တွေနဲ့ လှုပ်ရှားချင်နေပေမယ့် သူတို့က ကျွန်တော်လိုမျိုး မဟုတ်ဘူးဆိုတာ ထည့်မစဉ်းစားမိလိုက်ဘူး။ သူတို့တွေရဲ့အဓိက ရုန်းကန်မှုက

စား ရေး ..... ဒို့အရေး
ဝတ် ရေး ..... ဒို့အရေး
နေ ရေး ...... ဒို့အရေး
ဆိုတဲ့ သူတို့ ရဲ့ အရေးသုံးပါးကို ကျော်ပြီး .. ကျွန်တော် အိုဘားမား ဖြစ်ချင်ခဲ့တယ်။

ကျွန်တော် မသိခဲ့မိဘူး။ အရင်ဆုံးကျွန်တော့ရဲ့ ပတ်ဝန်းကျင်ကို ကျွန်တော် ငြိမ်းချမ်းစေဖို့ အတွက် နွားခြေရာ ခွက်ကလေးထဲမှာ တက်သလောက် သိသလောက်နဲ့ သူတို့တွေနဲ့ အတူ ပျော်ဝင်နေလိုက်တော့မယ်။

အဝေးကြီးကို ကြည့်မိတဲ့ အခါ အနီးစပ်ဆုံးအရာတွေက အလိုလို မှေးမှိန်သွားတက်တယ်။


လို့ ကျွန်တော် တွေးမိလိုက်တယ်။

ကျွန်တော်လဲ နွားခြေရာခွက်ကလေးထဲမှာပဲ ...................

Thursday 7 January 2010

နေ၀င်ချိန်




ပုဂံ လောကနန္ဒာ စေတီတော် ရဲ့ ရင်ပြင်တော်ပေါ်ကနေ ရိုက်ထားတဲ့
နေ၀င်ချိန် ရှုခင်း (SUN SET) ဓာတ်ပုံနှစ်ပုံပါ။
ကျွန်တော့် တူလေး ခြံပန်း ရဲ့ လက်ရာပါ ။

ရေပွက်ပမာ


အဲ့ဒါ လုပ်ခဲ့ပြီးပြီ
အခု လုပ်နေတယ်
ပြီးရင် နောက်ထပ် လုပ်ဦးမယ်
မှတ်မှတ်ရရ ပြန်တွေးလိုက်တိုင်း
ငါ့ကိုငါ မှတ်တမ်းတင်နေတယ်လို့ ထင်မိသား။

ဘယ်သူက ဖတ်မှာမို့လို့တုန်း
ကြားဖူးတဲ့ စကားကို ထပ်ပြောမိတယ်
ကိုယ့်သမိုင်းကိုယ်ရေးကျ... တဲ့ ။

မထင်မိဘူးလား
ဒီဇာတ်လမ်းက ဇာတ်လိုက်မင်းသားဆိုတာ ငါလို့
အဟား ဟား ဟား
ဒါဆို ဘေးနားတစ်ဝိုက်က ဇာတ်ပို့ ဇာတ်ရံတွေပေါ့။

မင်းသားဆိုလဲ မင်းသမီးလိုဦးမယ်လေ
ကဲ .... ချစ်သူရေ မင်းကတော့ ငါ့မင်းသမီးပဲ
အဖေအမေ နေရာမှာတော့ သရုပ်ဆောင်ခ ပေးစရာမလိုတဲ့ နှစ်ဖက်မိဘ ရှိလေရဲ့ ။
မင်းနဲ့ငါက အိမ်ထောင်ပြုပြီးရင်
ငါတို့ သားသမီးပွားစည်ချိန်ကျရင်လဲ
ငါတို့က သားသမီးတွေကို မင်းသားမင်းသမီးဖြစ်အောင် ပံ့ပိုးပေးရဦးမယ်။

ဘာ....
ဘယ်လို....

အေး... ဟုတ်သားပဲ ။
ထောက်ပံ့မှု ဆိုတာကို ငါမေ့နေတယ်။
အဲ့ဒါတွေက ဘယ်လို ဘယ်နည်း...



ဗျာ.. အမေ
ဗျာ.. အဖေ

မိဘမေတ္တာ နဲ့ ထောက်ပံ့
“ဟုတ်”

....

သြော်... ဒီလိုပဲ
ရေတစ်ပွက်မှာ နေတက်ဖို့
အမေရေ...
သား လူပြည့်ရောက်တာ နှစ်ဆယ့်နဲ့မှ ခြောက်..



၈.၁.၁၉၈၄
(ရိုသေသတိရစိတ်များဖြင့် )
၈.၁.၂၀၁၀

Friday 1 January 2010

အချစ်စမ်းခြင်း

ငယ်တုန်းက အတန်းထဲမှာ စာတော်တဲ့ သူများကျပြန်တော့ သူ့အတွေးကို ပြန်ပြောလေ့ရှိတယ်။ ငါကတော့ ဆရာဝန်ကြီး ငါကတော့ စစ်ဗိုလ်ကြီး ငါကတော့ အင်ဂျင်နီယာ။ကြိုးစားပြီး ကျက်မှတ်လိုက်ကြတာများ ဆုကိုတက်တက်စင် မလွဲဘူး။ ၀မ်း မဟုတ်ရင် တူးလောက်တော့ ရကျပါရဲ့။ သူတို့လေ သူတို့ပေါ့။ကျွန်တော်ကတော့ မဇ္စျိမ ပဋိပဋာ အလယ်အလတ် ၀ဲဂယတ်ထဲမှာ။ ကျောင်းစာတော်နေတော့လဲ စိတ်ကြီးတွေ ၀င်ရှာပေမပေါ့။ ဖတ်လိုက်တဲ့ ဗဟုသုတတွေကလဲ တက်ကျမ်းနဲ့ အားကျဖွယ်တွေ ချည်းပဲ။ပြန်ပြောပြလေ့ ရှိတာတွေကို ဖောက်သည်ချလိုက်ဦးမယ်။
ဒီလိုဗျ...................
မောင်းဂွတ် စစ်ဘုရင် ဂျင်ဂျစ်ခန် ဆိုတာများကွာ စစ်ဗျူဟာ ပိုင်ပုံများ ချီစစ် တိုက်စစ် ခံစစ် ခွာစစ် စွယ်စုံကို ထောင့်စေ့အောင်တော်တာ။မြင်းစီးကလဲ ကျွမ်းသလားမမေးနဲ့ (သူပဲ မြင်ဖူးသလို ပြောပုံက အားရပါးရ) ။အရှေ့တရုတ်ပြည်ကနေ ခုပူတင် တို့ရဲ့ ရုရှားမြေအထိ တိုက်ခိုက် ဖျက်ဆီး ပြီး မောင်ပိုင်စီးခဲ့တာ သေတဲ့ အထိ စစ်မြေပြင်မှာ ပျော်တဲ့ဘုရင်ကြီးကွ ငါလဲ အဲ့သလို နိုင်ငံတော်ကို တည်ဆောက်မှာကွ( အဲ့ဒီလို အပြောမှာ ကျွန်တော် ခေါင်းငြိမ့်မိသလား ပါးစပ်ဟပြီး အံ့သြနေသည်လားကို ပင် မမှတ်မိတော့ချေ)။
ကျောင်းစာများထဲမှာလဲ တွေ့ရပါရဲ့။ အားကျဖွယ် စစ်ဘုရင်တွေ အနော်ရထာ နိုင်ငံတော်ကို စည်းရုံးနိုင်စွမ်း ရှိလိုက်တာ။
နောက်တစ်ယောက်က မင်းကြီးရန်နောင် ကိုယ်ကျိုးမဖက် သာသနာ့ဘေးကိုတားသည်။ နှိပ်စက်မှုကို ချေမှုန်းသည်။
န၀ဒေး (ရုပ်ရှင်ရုံမဟုတ်ပါ) ။န၀ဒေးတို့များကျပြန်တော့ စစ်သားတစ်ဖြစ်လဲ ရတုစာဆို ကဲ ...... အဲ့သလိုတွေ ကျောင်းစာမှာသင်နေရတဲ့ အခါ ဘယ်မှာများ ယောက်ျားကလေးပီပီ အားမကျပဲ နေမည်နည်း။
ငါလူကြီး ဖြစ်ရင် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့အမျိုးယဉ်ကျေးမှုကို ကမ္ဘာမှာ မြန်မာကွလို့ စွမ်းဆောင်မယ် ဆိုတဲ့ လူငယ်မောင်မယ် များဒုနဲ့ဒေး ....။
ခုတော့ ကိုယ့်ရဲ့အလုပ်ခွင်က စက္ကထွေးရီလေး (စက္ကထရီကို ခေါ်ခြင်းဟုမှတ်ပါလေ) ကိုတောင်စကားမာမာ မပြောရဲသော သူများက ဒုနဲ့ဒေး။
ဟုတ်သည် အဲ့ဒီအနောက်တိုင်းမှ ဆင်းသတ်လာသော အတွင်းရေးမှူးမလေးများ၏ အစဉ်အလာနှင့် လားလားမှ မသက်ဆိုင်သော ကျွန်တော်တို့နိုင်ငံမှာ သူရို့က ၀တ္တုတို့၊ ရုပ်ရှင်ဆောင်းပါတို့ကို ဖတ်ပြီး တယ်လီဖုန်း ပါးစပ်နားမှာ တေ့ကာ တေ့ကာ နားနားနေနေ အလုပ်လုပ်ချင်ရှာသည်။ ယင်းသူတို့အား ငေါက်ဖို့ အတော်ပင်ခက်မည်။ သူရို့ စိတ်ပေါက်ပေါက်နဲ့ စာရိုက်ရင် အမှားများနှင့် အလုပ်ဖင့်မည် ။ ဆူလဲ အလုပ်ကတော့ ဖင့်နေဦးမှာပဲ ဒါကတော့ ယခုခေတ် ခေါင်းဆောင် ဦးစီးများရဲ့ အားနည်းချက်ပေါ့။
အနော်ရထာ ခေတ်က ကွန်ပြူတာမှ မပေါ်သေး။ မကျေနပ် အသုံးမကျ နည်းနည်းလေး တိမ်းစောင်းတာနဲ့ တောင်စွယ်နေကွယ်ချိန်မှာ လေ ရွှေဓား ဆွဲလို့ သတ်တာ။ ခုခေတ်ကျတော့ ဟား ဟား ။
ခုခေတ်ကျတော့ မည်သည့် အဖွဲ့အစည်း မဆို အလုပ်ရှင် အလုပ်သမား အထက်လူကြီး အောက်လက်ငယ်သား စနစ်နဲ့က သွားမြဲပဲလေ။
စကားတောင်းစား ထဲက ခုံတော်မောင်ကျဘမ်းကလဲ ဆရာပစ္စည်းကို တန်းဖိုးထားပါ ဆိုတာနဲ့ ဆရာစီးနေတဲ့ မြင်းက သွားနေရင် ချီးပါချတာကို ကွမ်းအစ်ထဲ ကောက်ထည့်တာကလဲ သိတက်မှု တစ်ခုလိုပဲ။ ကလေးကို သေချာကြည့်ထားဆိုတဲ့ မှာကြားချက်ကိုလဲ
ကလေး ပုခတ်ပေါ်က ဆင်းတယ်။ ကြည့်တယ်။ ကလေး ငိုတယ်။ ကြည့်နေတာပဲ။ ကုလေး ပြုတ်ကျတယ်။ ကြည့်တုန်းပဲ။ သေသွားရင်တောင် ကြည့်နေဦးမယ့် ဆရာရဲ့ ကြည့်ထားဆိုတဲ့ စကားကို လိုက်နာလိုက်ပုံကတော့ အားကျချင်သူများ အားကျနိုင်ပါရဲ့။
ရာဇာဓိရာဇ် အရေးတော်ပုံ ဆိုတာကြီးကို ကျွန်တော်တို့ သင်ခဲ့ရတယ်။
မြောင်းမြကို သိမ်းမယ့်ဇာတ်ဝင်ခန်းလေးကနေ ထုတ်နုတ်လိုက်ဦးမယ်။
မြောင်းမြ ... မြို့စားက လောက်ဖျား ။
ပုသိမ်သားတွေက လှေတွေ အားကြီးနဲ့ မြောင်းမြကို သိမ်းတော့မယ် ဆိုတော့ သူတို့ မသိမ်းနိုင်အောင် အဲ့ဒီပုသိမ်သားတွေကို ရာဇာဓိရာဇ်က နှိမ်နင်းဖို့ လဂွန်းအိမ်ကို အားကိုးတယ်။ ဟုတ်တာပေါ့ ။ အားကိုးသင့်တာပေါ့။ စစ်မြေပြင်ကို သွားရမှာက မောင်လဂွန်းကိုဗျ နော့။
အဲ့ဒါနဲ့ ညီလာခံမှာ မိဖုရား တလသုတမာယာကို ကဲ .. မိဖုရားကြီး ကွမ်းယာပြီး လဂွန်းအိမ် ကိုချီးမြှောက်တဲ့ အနေနဲ့ ကိုယ်တိုင် ဆက်သလို့ မိန့်သတဲ့လေ။
မိဖုရားကလဲ ယောက်ျားစကားကို လူပုံအလယ် မှာတစ်ချက်မှ မငြင်းဘူး(ငြင်းလို့လဲ ရဘူးလေ)။ အဲ့ဒါနဲ့ ကွမ်းယာ ဗန်းပေါ်ကျကျနန တင်ပြီး ခုခေတ်ဦးရှင်ကြီး တင်သလို ဆက်သသတဲ့။
ဦးရှင်ကြီးဆိုတာ စောင်းတီးတဲ့ နတ်လေ။ တစ်ချို့အိမ်တွေမှာ ရှိတယ်။ မြေထောက်စင်လေးနဲ့ တင်ရတာ ငှက်ပျောသီးတို့ ကောက်ညှင်းတို့ ကွမ်းတို့နဲ့ ဆက်သပြီး ပုလဲ ငွေမိုး သဲရေစို့ပါတဲ့ စောင်းတော်ကြီးသခင် နတ်ဦးရှင် ခင်ဗျာ............. အဲ့
နေဦး ဦးရှင်ကြီးကြေငြာက နောက်မှဝင်တော့မယ်။ လမ်းကြောင်းတွေ လွဲကုန်ပြီ။
အဲ့သလို မိဖုရားကြီးက ဆက်သတဲ့ ကွမ်းကို စားပြီး မနက်ဖြန် စစ်ပွဲအတွက် ဘုရင်က side war သုံးလိုက်တာ။ ကျွန်တော်လူလို တွေးမိတာကတော့ ညာခိုင်းတာ မြှောက်ခိုင်းတာပေါ့လေ။
ကျွန်တော်တွေးသလို လဂွန်းအိမ်လဲ တွေးမိရှာတယ်။(ဒီလူမဆိုးဘူး ငါ့လောက်နီးနီး ...... xxxx)
နောက်ရက်ကျတော့ စစ်ချီမယ့် တပ်စုဖွဲ့ရာ အရပ်ကို ၀န်ကြီးနှစ်ပါး ကြွလာတယ်။ ဘုရင်က သွားချောင်းခိုင်းတာလဲ ဖြစ်ချင်ဖြစ်မပေါ့လေ။
အမတ်ဒိန်နဲ့ ဗြတ်ဇ ဆိုတဲ့ နှစ်ပါး ရောက်တော့ လဂွန်းက အိပ်တုန်း။ ခပ်တည်တည်ပဲ။
အဲ့ဒီတော့ အမတ်ဒိန်က ဟဲ့ ရေလဲတက်နေပြီ (ရေကြောင်းတိုက်ပွဲဆိုတော့ ရေတက်ရေကျနဲ့ လဲဆိုင်တယ်ခင်ဗျ)
အမောင် ဘာ့ဇာကြောင့် စစ်မပြင် သေးသနည်း ဆိုပြီး ဘာညာကွိကွတွေနဲ့ ပြောတယ်။
မောင်လဂွန်းကလဲ အေးဆေးပဲ။အိပ်တုန်း။
အဲ့ဒါနဲ့ အနားကပ် နဖူးစမ်း လက်စမ်းလုပ်ကြလေတော့ ဖျားနာခြင်း အလျည်းမရှိ။ လုံးဝ ဒေါင်ဒေါင်မြည်။
မင်းနှယ် ဖျားနာမှု ကင်းပြီ ဘာစိတ်ကြောင့် ခွေခေါက်နေသလဲ မေးလေတော့
ငေါက်ကနဲ့ ........ ထ (အိပ်ရာထဲကနေ ထထိုင်ခြင်း)
လက်အုပ်လေးချီ
မှန်လှပါ ဘုရား ......... အစပြုလို့ လျှောက်ထားချက်က ဟောသလို.......
"မနေ့ကပေါ့ မိဖုရားက ကွမ်းယာ လာကျွေးတယ် မဟုတ်လား။ အဲ့ဒီလို ကွမ်းလာပေးချိန်လေးမှာ ရင်ဝတ်တော်လျှော တာကို မြင်မိလို့ ရေလဲမသောက်နိုင် အစားလဲ မစားနိုင် မြင်တဲ့အတိုင်း စိတ်ယိမ်းယိုင်လို့ စစ်ချီဖို့ အရေး ၀န်လေးမိတယ်"
ဆိုပါလေရော...
ဒင်းနဲ့နော် ဒါလေးမြင်တာလေးနဲ့ ......
ခုခေတ်ကိုရီးယား စတိုင်လ် မြန်မာပြည်တွင်ထုတ်လုပ်တဲ့ အမျိုးသမီးများကို မြင်မိလို့ကတော့ .. ဟွန့်။
အဲ့ဒီကိစ္စကို ဘုရင်က မေးတယ်။
လဂွန်း စစ်မထွက်တာ ဘာကြောင့်လဲ။
အမတ်ဒိန်နဲ့ ဗြတ်ဇ မညာဝံ့ဘူး။
ဒီလိုပါ ဘုရား......လဂွန်းအိန်က မိဖုရားကို ♥♥♥ ပါဘုရား။
ဘုရင်က 'ဟယ် ....... အဲ့သလို .... ဟုတ်စ'
ငါမိဖုရားကို မနှမြော မောင်လဂွန်းစိတ်ပျော့သည်ကိုသာ နှမြောသည်။
မိဖုရားကြီး ..... come on ..
You go to the လဂွန်းအိန်။
မိဖုရား is cry.
ဟေ့ မိဖုရား နိုနဲ့ ဆိုပြီး ဘုရင်က ချော့တယ်။
မိဖုရားလဲ လဂွန်းအိမ် အိပ်ရာဆောင်ထဲ ၀င်သွားရှာတယ်။ ဒန်... တန့် ......... ဒန်......

မိဖုရား ကြွလာတာလဲ မြင်ရော။ မောင်လဂွန်း ၀ုန်း ဆိုပြီး ထ

ဒူးထောက်
မိဖုရားကို အရိုအသေပေး
sorry မိဖုရား I က ဘုရင့် သဘောထားကို ဆန်းစစ်တာ။ စိတ်မရှိပါနဲ့။ပြစ်မှားခြင်းအလျဉ်းမရှိပါ မယ်မယ်ဖုရား လို့ လျှောက်လိုက်တော့
မိဖုရားက ငါးသလဲထိုး အပြုံးလေး ပြုံးပြီး NVM ပါ လဂွန်းရယ် ခစ်ခစ်ခစ်.......
never mind လို့ ဆိုလိုက်တဲ့ စကားအဆုံးမှာ ဦးသုံးကြိမ်ချပြီး စစ်စခန်းကနေ စစ်မြေပြင်ကို ချီတက်ခဲ့ပါလေတယ်။
ဒိန်း တပ်တပ် ဒိန်းတပ် တပ် ...................

အဲ့သလို အကြီးအကဲက မိမိ အပေါ် ထားရှိတဲ့ သဘောထားတွေကိုလဲ ဖတ်ခဲ့ရတယ်။ အကြီးအကဲက လက်အောက်ငယ်သားတွေကို ထားရှိတဲ့ စိတ်စေတနာကိုလဲ သိခဲ့ရတယ်။ မယားကောင်းတစ်ယောက်ရဲ့ တိုင်းပြည်အကျိုး အတွက် အနစ်နာ ခံလိုတဲ့ စိတ်ကိုလဲ လေးစားရတယ်။ အိုး.................. သူရဲကောင်းတွေအကြောင်းသာ သိခဲ့ကြားခဲ့ အားကြခဲ့ရပါတဲ့ ငယ်ငယ်တုန်းက ငယ်ငယ်တုန်းက.........

နိုင်ငံတော်... ထမင်း

နက္ခတ်၊ ပါဝါ ၊ ကိုယ်စားလှယ် ၊ တစ်လုံးချိန်း ၊ နှစ်လုံးချိန်၊ ညီအစ်ကို ၊

ဟာ
ဘာတွေတုန်း။ ဘာတွေတုန်း။
သြော်......... အစ်ကိုရယ် ညီမတို့က ကံကိုအားကိုးပြီးတော့ ထမင်းစားဂဏန်းလေးဖမ်းနေတာပါ။
ဂဏန်း ဘာဂဏန်းတုန်း ဗျ။ လယ်ဂဏန်းလား ။ ပင်လယ် ဂဏန်းလား။
မဟုတ်ဘူးလေ။ ၀ ၁၂၃၄၅၆၇၈၉ ဆိုတဲ့ သင်္ချာဂဏန်း။ဘ၀တွေက မှောင်တယ်။ အလင်းရောင်ဆိုတာ ကတော့ ဖယောင်းတိုင်က မတက်ဘူးလေ။ဒီလိုမျိုးလေးမှာ အသားဟင်းဆိုတာမျိုးက ဝေလာဝေးပေါ့ရှင်။ ဒီတော့ ၁၀၀ ဆို ၈၀၀၀ မှောင်တာကို ခဏဖျောက် အသားဟင်းရောက်စေဖို့ တစ်ရက်ကို ၁၀၀လောက်တော့ ဂဏန်းစာ ကျွေးတယ် အစ်ကိုရေ။

ဗုဒ္ဓေါ........
သြော်.... ဒုက္ခေါ....

"ဥစ္စာပေါဆိုတဲ့ နောက်မှာမှ ရုပ်ချော ဆိုတာ ကပ်ပါတယ် အစ်ကိုရဲ့ "

အင်းအင်း

ဟုတ်မယ်။ထမင်းတစ်လုတ်အတွက် ထင်းခုတ်ဖို့တောင် မလွယ်တဲ့ အကာအကွယ်တွေ ပြည့်နှက်နေတဲ့ သစ်တစ်ပင်ခုတ် ထောင်(၃) နှစ်ဆိုတဲ့ ခေတ်မှာ လက်လုပ်လက်စားများကတော့ ဂဏန်းစာကျွေးနေလေရဲ့။

ဟဲ့ လက်ကိုင်က ဘယ်ကတုန်း။
တရုတ်သူဌေးတို့ ကုလားသူဌေးတို့ပေါ့ ။ သူတို့က ခိုင်တယ်။ ဗမာဒိုင်လို မယိုင်ဘူး။ ကျွန်မတို့ မအောနိုင်တာလဲ ပါတာပေါ့ ။
အတိတ်စိမ်းလဲပေးတယ်။
အဲ့ဒါဘယ်မှာလဲဟင်(ခိုင်သင်းကြည် လေသံဖြင့်မေးလိုက်တော့)
ရွှေဘုံသာအလယ်လမ်းက ယူနိုက်တက်ဗေးရှင်း မျက်မှန်ဆိုင်မှာပေါ့....

အဲ့ ရှုပ်ကုန်ပြီ။

ဒီခေတ်ကြီးက မလန်းပါဘူးအစ်ကိုရာ။ ညစ်တယ်။ ဘ၀တွေကို လိုက်ညစ်နေတယ်။ ဘ၀ပေးမကောင်းဘူးဆိုရအောင်လဲ ကိုယ့်ပတ်ဝန်းကျင်မှာကလဲ ကိုယ့်လိုလူတွေပဲလေ။ ဘ၀ပေးတွေက ဒီလောက်တောင် အကျိုးပေးတူနေကျတယ်ဆိုတော့
တစ်ခုခုတော့ မှားနေပြီ ထင်တယ်နော်။ထမင်းလေးတော့ သက်သက်သာသာစားချင်တယ်။ ဒါကြောင့် ထိုးသားကော ကိုယ်စားလှယ်ကော ကိုင်လိုက်တာ မဆိုးပါဘူး။ ကော်မရှင်လဲ ရတယ်။ ကိုယ့်ထဲက အကွက်ကြီးပါရင်လဲ ဖော်လာဘ်လေးလဲ မှန်တယ်။

အဲ့ဒါက ဘယ်ကထွက်တာတုန်း။
လက်ဖက်ရည်ဆိုင်မှာလေ။ စလောင်းရှိတဲ့ ဆိုင်တွေပေါပ ။ ဂဏန်းလွှတ်ချိန်ဆို အကုန်လုံး ပြုံနေတာပဲ။ တစ်လုံးအရင်ပြတယ်။

ဘယ်နိုင်ငံကလဲဟ။
အိမ်နီးချင်းတွေပါအစ်ကိုရာ သူတို့က ကျွေးတယ်။ ကိုယ်က စားတက်ဖို့ပဲလိုတာ။

သြော်.......................
အေးအေး ... ငါပြန်မယ်ဟာ။

လမ်းမှာ ကျွန်တော်စဉ်းစားမိသည်။

အင်း.... ငါထမင်းဆိုင် သွားတော့လဲ ထမင်းဆိုင်မှာ
ကွမ်းယာဝယ်တော့လဲ ကွမ်းယာဆိုင်မှာ ....
လက်ဖက်ရည်ဆိုင်ထိုင်တော့လဲ လက်ဖက်ရည်ဆိုင်မှာ ...
အဲ့ဒါ နှစ်လုံး သုံးလုံး သြော်...... ခက်ချည်ရဲ့ ထမင်းတစ်လုတ် ကံကို အားကိုပြီး အသားတစ်ဖက် အနားကပ်အောင် တစ်အားတွက်နေကြလေရဲ့ ....နက္ခတ်၊ ပါဝါ ၊ ကိုယ်စားလှယ် ၊ တစ်လုံးချိန်း ၊ နှစ်လုံးချိန်၊ ညီအစ်ကို စသဖြင့် စသဖြင့်။

ဂျာနယ်တွေရမယ် ဂျာနယ်တွေ
အလဲဗင်း၊ အင်းအား၊ ဘောလုံးဂျာနယ်တွေ ရမယ်။ အစ်ကိုဂျာနယ်လေး အားပေးပါဦး။ ဒီနေ့ SUPER SUNDAY လေ ပွဲကြီးတွေ အတွက်ခန့်မှန်းပါတယ်။
အမ်
ဘာတုန်း....ပွဲကြီးခန့်မှန်း
အရှုံးအနိုင်လေ။ ဖိုကပ်၊ မောင်း၊ အတွက်အများကြီး အထောက်အကူပြုတယ်နော်။

ဟိုက်...... ဘာတွေတုန်းဘာတွေတုန်း
ဒီလိုနဲ့ လမ်းဆက်လျှောက် ........

အိမ်မရောက်ခင် သူငယ်ချင်းအိမ် ခဏ၀င်ဦးမှ။
ဟေ့ မိုးသက်ခိုင်

ဟာ အာကာ လာကွာ ။
ဘာလုပ်နေတာတုန်း။

ငါမနေ့ညက မောင်းကျိုးသွားတယ်။
ဗုဒ္ဓေါ..
(သူ့အောက်ပိုင်း မသိမသာ ငုံ့ကြည့်မိသည်)
ဟ ဘာတွေကြည့်တာတုန်း
ငါမနေ့က တစ်သင်းလွဲသွားတယ်။
ပေါက်ရင်တော့ ခိုင်ပြီကွာ။မန်ယူ အသုံးမကျတာကွ။
သြော်.... အင်း အင်း

အဲ့ဒါဘယ်တွေလဲဟင်

အင်္ဂလန် ပရီးမီယာလိဂ်၊ စပိန်လာလီဂါ။ ချန်ပီယံလိဂ် ပွဲစဉ်တွေပေါ့ကွာ။ သူတို့ရဲ့ ဖျော်ဖြေမှုက ငါတို့ အတွက် ထမင်းဟင်းပါ။ ဘီယာခွက်ပျောက်ဖို့ အခွင့်အရေးပေးတယ်လေ။

သြော်........


ဒီလိုနဲ့ ရက်တွေကြာလာလိုက်တာ။

ကျွန်တော်ကို ဂဏန်း lesson ပေးတဲ့ ကောင်မလေးကို မတွေ့တာကြာပေါ့။
အဲ့ဒါနဲ့ သူတို့ရပ်ကွပ်ဘက်ကို သွားမိတယ် ။ မတွေ့ဘူး။ သူနဲ့ အရင်က အတူတွဲတွေ့ဖူးတဲ့ ကောင်မလေးကို မေးကြည့်လိုက်တော့ ။
အစ်ကိုရေ ဘောက်ချာတွေ နဲ့ ကစားနေတုန်း လှည့်ကင်းနဲ့ မိသွားတယ်လေ။
အစ်ကို့မိတ်ဆွေ အခုချိန် ဆို နိုင်ငံတော် ထမင်းစားနေလောက်ပြီ။

သြော်.... နိုင်ငံတော် ထမင်း

အင်္ဂလန် ဘောလုံးသမား စာရင်းတွေ ပြုစုတဲ့ သူငယ်ချင်းအိမ်ရောက်တော့
သူ့အမေက ထွက်လာလေတယ်

ဟော သား အာကာရေ မင်းသူငယ်ချင်းနဲ့ တွေ့ချင်ရင်တော့ ညနေမှလာတော့ ဟေ့ သူဘောလုံးပွဲ ကိုက်လို့ တဲ့ ကျိုးနေလေရဲ့။
ထမင်းစားသွားပါလား။ မင်းသူငယ်ချင်း မနေ့က မောင်းပေါက်တယ်။
အဲ့ဒါဒီနေ့ဟင်းကောင်းတယ်။ သူ့ကိုတော့ နိုးမနေတော့ဘူး။ ငါ့သားလေး အိပ်ပါစေတော့။ သူနိုးရင် ဂျာနယ်ဖတ်ဖို့ သွားဝယ်လိုက်ဦးမယ်။ မီးဖိုချောင်ထဲ လှန်လှောစားသွားပေတော့ ဟေ့။

အန်တီကြီး ထွက်သွားသည်။
ကျွန်တော် မီးဖိုချောင် မသွားဖြစ်ပါ။
နိုင်ငံတော် ထမင်းစားနေသော မိန်းကလေးတစ်ယောက်အကြောင်းနဲ့ တစ်လုံး ပေါက်ပြီး ဘောလုံးပွဲကိုက်လို့ အိပ်နေတဲ့ သူငယ်ချင်း အိမ်က ထမင်းဝိုင်း.........
ကျွန်တော် စဉ်းစားမိတယ်။

ကျွန်တော် သူတို့လောက် ငွေမရှာတက်သေးပါလား။


နိုင်ငံတော်ထမင်း
မောင်းထမင်း

ကျွန်တော် အဲ့ဒီနေ့က မလန်းခဲ့ပါ။
နက္ခတ်တွေမှာ ပါဝါတွေ ချိန်းပြီး ကျွန်တော် အိမ်နီးချင်းနိုင်ငံနဲ့ အင်္ဂလန်ကို ကိုယ်စားလှယ် နဲ့ မောင်းထုလိုက်ချင်တယ်လို့ ............

ဂွမ်

ပြီးပြီ။

ရည်ရွယ်ချက်

ရည်ရွယ်ချက်